School Activities

ကျန်းမာရေး2026-08-22

ကျောင်းကျန်းမာရေးရက်သတ္တပတ်အထိမ်းအမှတ် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ဆုချီးမြှင့်ခြင်း

ကျောင်းကျန်းမာရေးရက်သတ္တပတ်အထိမ်းအမှတ် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ကို ၁၂.၈.၂၀၂၆ တွင်ကျင်းပခဲ့ပြီး အထက်တန်းအဆင့်ကျောင်းသားကျောင်းသူများသိရှိသင့်သည့် ကျန်းမာရေးဗဟုသုတများကို မေးမြန်းခဲ့ရာ ပါဝင်ဖြေဆိုသူကျောင်းသား(၁၁၅) ဦးရှိသည့်အနက် အမှတ်အများဆုံးသူများအား တည်ထောင်သူမှ ငွေသားဆုချီးမြှင့်ခဲ့ပြီး ပါဝင်ဖြေဆိုသူအားလုံးကို အမှတ်တရ လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ပါသည်။

ပညာရေးပြက္ခဒိန်ပါ လှုပ်ရှားမှုများ2026-08-10

ကျောင်းကျန်းမာရေးရက်သတ္တပတ် အထိမ်းအမှတ် အာဟာရကျွေးမွေးခြင်း

ကျောင်းကျန်းမာရေးရက်သတ္တပတ် အထိမ်းအမှတ် အာဟာရကျွေးမွေးခြင်း အစီအစဉ်အဖြစ် ကျောင်းတည်ထောင်သူမှ နွားနို့၊ ကြက်ဥနှင့် ငှက်ပျောသီးများ အာဟာရကျွေးမွေးခဲ့ပြီး နေ့စဉ်အစာအုပ်စု သုံးစု မျှတစွာ စားသုံးရန် အသိပညာပေးပြောကြားခဲ့ပါသည်။

ပညာရေး2026-08-02

Grade-12 ဂုဏ်ထူးရှင်များ

လင်းမြတ် (ယခင် ကိုယ်ပိုင်ဘာသာရပ်သင်ကျောင်း) မှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် Grade-12 ၌ထူးချွန်စွာအောင်မြင်ခဲ့ကြသူများအား မြို့မိမြို့မအဖွဲ့မှ ဆုချီးမြှင့်ပေးသည့်အတွက် အထူးပင် ဝမ်းမြောက်ဂုဏ်ယူရပါသည်။ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင်လည်း ယခု လင်းမြတ်ကိုယ်ပိုင်အထက်တန်းဆင့်သင်ကျောင်း အနေဖြင့် ဂုဏ်ထူးရှင်များမွေးထုတ်ပေးနိုင်မည်ဟု ယုံကြည်ပါသည်။

ယဉ်ကျေးမှု2026-07-28

ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ

လင်းမြတ် ကိုယ်ပိုင်အထက်တန်းဆင့်သင်ကျောင်း ၏ ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲကို စစ်ကိုင်းမြို့ ရတနာစေတီဆင်များရှင်ဘုရားကြီး ၌ ကျင်းပခဲ့ပါသည်။

ပညာရေးပြက္ခဒိန်ပါ လှုပ်ရှားမှုများ2026-07-12

မိဘဆရာအသင်းအစည်းအဝေး

မိဘဆရာအသင်းအမှုဆောင်အဖွဲ့ ရွေးချယ်ခြင်းနှင့် ပထမအကြိမ်အစည်းအဝေးကို လင်းမြတ် ကပက ပထမထပ် အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ပါသည်။

ပညာရေးပြက္ခဒိန်ပါ လှုပ်ရှားမှုများ2026-07-12

ကျောင်းနှင့်ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနေ့

ကျောင်းနှင့်ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနေ့ အထိမ်းအမှတ် အဖြစ်တည်ထောင်သူနှင့်ကျောင်းအုပ်ကြီး မှ ယုဇနပင်များစိုက်ပျိုးပေးခဲ့ကြပါသည်။

ပညာရေး2026-07-06

ကျောင်းကောင်စီအဖွဲ့၀င်များ

ကျောင်းကောင်စီအဖွဲ့၀င်များ

ပညာရေး2026-07-06

ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ အသိပညာပေးဟောပြောပွဲ

ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ အသိပညာပေးဟောပြောပွဲ

ပညာရေး2026-07-06

မီးသတ်ဦးစီးဌာနမှ အသိပညာပေးဟောပြောပွဲ

မီးသတ်ဦးစီးဌာနမှ အသိပညာပေးဟောပြောပွဲ

ပညာရေး2026-07-03

မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ

မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ

ကျန်းမာရေး2026-06-26

ကျောင်းသား/သူများအား မျက်စိစစ်ဆေးပေးခြင်း

ပြည့်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းသားကျောင်းသူများအားမျက်စိစစ်ဆေးပေးခြင်းကို လင်းမြတ် ကိုယ်ပိုင်အထက်တန်းဆင့်သင်ကျောင်းတွင် ဆောင်ရွက်ပေးခဲ့ပါသည်။